Root Canal Treatment
သွားအကြောထုတ်ကုသခြင်းဆိုတာ သွားနာ၊သွားကိုက်ခြင်းကို အမြန်ဆုံးသက်သာစေတဲ့ ကုသမှုတစ်ခုပဲ ဖြစ်ပါတယ် …… သွားနာ၊ သွားကိုက်ခြင်းတွေကို ဖြစ်စေတဲ့ အချက်တွေကတော့ သွားပိုးစားခြင်း၊ သွားဖာရာတွင်နေရာလွတ်ကျန်ခဲ့ခြင်း နဲ့ သွားမှာထိခိုက်ဒဏ်ရာရခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ် …. သွားနာ၊ သွားကိုက်ရုံတင်မက အောက်ပါအခြေအနေမျိုးတွေမှာ ဆိုရင်တော့ဖြင့် သွားအကြောထုတ်ကုသမှုကို လုပ်ဖို့လိုအပ်ပါတယ် … ၁) တစ်ခုခုကို ကိုက်ဝါးတဲ့အခါမှာ နာကျင်မှုကို ခံစားနေရခြင်း။ ၂) နာကျင်နေတဲ့ သွားပတ်ဝန်းကျင်က သွားဖုံး ရောင်ရမ်းနေခြင်း။ ၃) ပြည်တည်နာဖြစ်ခြင်း။ ၄) မျက်နှာပြင် ရောင်ရမ်းခြင်း။ ၅) နာကျင် ကိုက်ခဲနေတဲ့ သွားဟာ တစ်ဖြေးဖြေး ညိုမည်းလာခြင်း။ ၆) သွားပိုးစားခြင်းကြောင့် သွားအကြော(pulp) ထိခိုက်သွားခြင်း။ စတဲ့ ရောဂါလက္ခဏာတွေ ခံစားလာရပြီဆိုရင်တော့ သွားအကြောထုတ် ကုသမှုကို ပြုလုပ်သင့်ပါပြီ။ အထက်ပါ […]